အလုံမြို့နယ် သံဝေလူမှုကူညီရေးအသင်း သို့ လူနာတင်ယာဉ်တစ်စီးလာရောက်လှူဒါန်း
အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရည်ရွယ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံဝေဂလူမှုကူညီရေး အသင်းသို့ ယနေ့၊ နံနက်ပိုင်းက လူနာတင်ယာဉ် တစ်စီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။