ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျိုင်းတုံမြို့နယ်တွင် အသက် (၆၀) နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ စတင်ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လဲချား၌ မဲရုံမှူး/ ဒုတိယမဲရုံမှူးများအား ပညာပေးသင်တန်းပို့ချ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လဲချားမြို့နယ်အနေဖြင့် မဲရုံ(၃၆)ရုံ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆရာ၊ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို မူလွန်(၂)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာတွင် တံတားအသစ်(၁)စင်း တည်ဆောက်ရန် ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်းတည်ဆောက်ရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝ

ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှု အတွက်ဌာနဆိုင်ရာအချင်းချင်း၊ မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပြန်လည်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုခရိုင် ခင်ဦးမြို့၌ ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကော့သောင်းမြို့ပေါ် ရပ်ကွက်ဈေးများတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့ပေါ် ရပ်ကွက်ဈေးများအတွင်း ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများအား မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးစီမံချက်ကာလအတွင်း ရှော့တိုက်ငါးဖမ်းဆီးသည့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိ

ဧရာဝတီလင်းပိုင် မျိုးမသုဉ်းရေးအတွက် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (၁) နှစ် စီမံချက် ဒုတိယလ၏ ပထမ (၁၅) ရက်၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ မန္တလေး၊ ဒေသခံဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အစုအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ ရှော့တိုက်ငါးဖမ်းဆီးသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။

အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်းတင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းကာ အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းတင်ဆက်မှုအစီအစဉ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမမှာ ဆွေးနွေးရိုက်ကူးခဲ့ ကြောင်း သိရသည်။

ထီးလင်း၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားပြုလုပ်

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ