ကျောက်ကြီးမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ကြက်ခြေနီမှ ထောက်ပံ့
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ အောက်တိုဘာလ (၁၀)ရက်နေ့က စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် ကျောက်စရစ်ကျေးရွာအုပ်စု လိန်ပင်ကျေးရွာနှင့် နတ်သံကွင်းကျေးရွာ အုပ်စု တံခွန်တိုင်ကျေးရွာတို့ရှိ နေအိမ်(၆)လုံးကို နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရာ အဆိုပါအိမ်ထောင်စု များကို ကျောက်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။