မိုင်းပန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်းတွင် ယနေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အတွင်းရှိ အသက် (၉) နှစ် မှ (၁ဝ) နှစ်အထိ မိန်းကလေး (၅) ဦးကို အိတ်ချ်ပီဗီ(HPV) ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။