မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို "ဆိုရှယ်မီဒီယာ၏ကောင်းကျိုး၊ ဆိုးကျိုး" နှင့် "ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီက အ.မ.က(မြင်သာ)ကျောင်း ၌ကျင်းပခဲ့သည်။