မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် ဝါအထွက်နှုန်းတိုးတက်ရေး၊ မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဝါအထွက်နှုန်းတိုးတက်ရေး၊ မျိုးစေ့ထုတ်လုပ်ခြင်းနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ရွာမွန်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ မျိုးနှင့်သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြေမိကုန်းကျေးရွာအုပ်စုနှင့် ရုံးပင်ကန်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူလူထုအကျိုးပြု Quick Win အစီအစဉ်ဖြင့် မြို့တွင်းလမ်းမီးတိုင်များတွင် ဆိုလာမီးသီးများတပ်ဆင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူလူထုအကျိုးပြု Quick Win အစီအစဉ်ဖြင့် ယမန်နေ့က မြို့တွင်းရှိ လမ်းမီးတိုင်များတွင် ဆိုလာမီးသီးများတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပစရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရန် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဘဏ္ဍာနှစ်အလိုက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့တွင်း၌ ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် Box Culvert တံတားတစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

မြို့သစ်မြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း‌ကျောင်း၌ ကျင်းပသည်။

မကွေးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ခွဲ)​​ ကန်သာ ကျောင်း၌ ကျင်းပသည်။​
Subscribe to မကွေးတိုင်းဒေသကြီး