သရက်မြို့၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်မြို့ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုး ရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။