မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ ၂၀ ရက်နေ့ညနေက မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့ မြို့မရဲစခန်းရှေ့လမ်းဆုံ၌ ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အစိုးရသစ်၏ ရက်၁၀၀စီမံချက်ဖြင့် ဒေသတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားတိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ဆေးအခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက သံဆည်ကျေးရွာအုပ်စု၊ မကြီးစု‌(၁)ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မကွေးမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)နှင့်ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ ချေးငွေအစီအစဉ်သစ်နှင့် စိုက်ပျိုးရေးအထောက်အကူပြု ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက်(၁၀၀)စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် လယ်ယာသုံးစက်ကိရိယာချေးငွေအစီအစဉ်သစ်နှင့် စိုက်ပျိုးရေးအထောက်အကူပြုဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆိပ်ဖြူမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ဒေသခံတောင်သူများအတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံတောင်သူများအတွက် သီးနှံမျိုးစေ့နှင့်သွင်းအားစုများအား ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးရုံး၌ ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား/သူ များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးအသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပသည်။

အောင်လံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးရက်သတ္တပတ်” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖျန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက်   ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်၍  ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး