အောင်လံမြို့၌ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတာ၀န်ရှိသူများနှင့် အောင်လံ ခရိုင်နှင့်မြို့နယ် အစားအသောက်နှင့် ဆေး၀ါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့၀င်များနှင့် ပူးပေါင်း၍ အောင်လံမြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။