မကွေးတိုင်းဒေသကြီး

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။

စေတုတ္တရာမြို့နယ်တွင် ပထမရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ခြင်ပြစ်ကိုင်းကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး(အခမဲ့) ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး(I2) အခမဲ့ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ပခုက္ကူမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်း၊ ခေတ္တတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက် ပါကာ မေလ ၉ ရက် နံနက်ပိုင်းက ပခုက္ကူတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး သရက်မြို့၌လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက စည်ပင်သာယာဈေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ "စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ဆေးဝါးရောင်းချမှုလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ" ကို ယနေ့ နံနက် ၈ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေး‌နွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ် ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်းဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးCampaign နှင့် အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်သည်။

ချောက်မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်  နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် “လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက‌ ချောင်းတက်ကျေးရွာအုပ်စု၊ ချောင်းတက်‌ကျေးရွာမှ ပြည်သူ(၂၃)ဦးအား ဖိတ်‌ခေါ်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး