တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့် 

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အားကစားခန်းမတွင် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ ပြိုင်ပွဲဝင်အသင်း (၈) သင်း ပါဝင်တက်ရောက်ကြသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (Grade-1)မှ (Grade-8) Placement Test(အထူးအစီအစဉ်) ကျောင်းသား၊ ကျောင်းသူ (၃၆၂) ဦးဝင်ရောက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (Grade-1)မှ (Grade-8) Placement Test (အထူးအစီအစဉ်) စာစစ်ဌာနတစ်ခုတည်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၆၂ ဦးတို့ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်) ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနှင့် Placement Test (အထူးအစီအစဥ်)ကို သတ်မှတ်အစီအစဥ်အတိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှုခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ (၇) မိုင်ကျေးရွာ၊ အုပ်ချုပ်‌ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့  Polytechnic University ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  Polytechnic University (ကွန်ပျူတာမဟာဌာန)အတွင်း  ဇွန်(၁‌၃)ရက် နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ပြီး မိုးရာသီ သစ်ပင်ကို စိုက်ပျိုးပေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ ကမ်းနားလမ်းတိုးချဲ့ခြင်းနှင့် ဆက်စပ်မြို့ကွက်သစ်ဖော်ဆောင်ရေး အဆိုပြုလုပ်ငန်းကြည့်ရှုပြီး ဥစားကြက်မွေးမြူရေးခြံကြည့်ရှု၍ လုပ်ငန်းပြန်လည်အကောင်အထည်ဖော်နိုင်ရန်တိုက်တွန်း

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ဇွန်(၁‌၃)ရက် နံနက်ပိုင်းက မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျာထားစီမံကိန်းနှင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ကမ်းနားလမ်းတိုးချဲ့ ဆောင်ရွက်မည့်အဆိုပြုပုံစံနှင့် ဆက်စပ်မြို့ကွက်သစ်ဖော်ဆောင်ရေး အဆိုပြုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် ကျေးရွာများကို ဆက်သွယ်ပေးသည့် တနင်္သာရီမြစ်ကူး မင်းသန်း-မောင်းလှော်တံတားဖွင့်ပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၂) ရက်နံနက်ပိုင်းက မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် ကျေးရွာများကို ဆက်သွယ်ပေးသည့် တနင်္သာရီမြစ်ကူး မင်းသန်း-မောင်းလှော် တံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ၊ အ.ထ.က(ပထက်) ကျောင်းသို့ ကျောင်းသုံးကိရိယာများ ပေးအပ်လှူဒါန်းပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမ၌ မြိတ်မြို့နယ်အတွင်းရှိ အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့်ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်  ကျန်းမာရေး အသိပညာမြှင့်တင်ရေးဟောပြောပွဲသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ပညာရေးနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ကျန်းမာရေး အသိပညာမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ Polytechnic University (Dawei)၌ ကျင်းပသည်။

ထားဝယ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးကိုကိုစိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး