တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့်ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ဆရာမများက ယနေ့နံနက် ၁၀နာရီအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မော်ရှည်ကုန်းရပ်ကွက်အတွင်းရှိ မော်ရှည်ကုန်းဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။

ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌  နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းများ နေ့ချင်းပြီးဆောင်ရွက်

တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ် ဦးစီးမှူးရုံးမှ  နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဇွန် ၁၁  ရက် နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်သည်။

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်သည်။

ထားဝယ်မြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ဖို့စိုက်ပျိုးမွေးမြူရေးဆောင်ရွက်စို့ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်ဆွေးနွေး တိုင်ပင်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန်ရည်ရွယ်၍ “ဒေသဖွံ့ဖြိုးတိုးတက်ဖို့စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်စို့”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင် မုန်တိုင်း ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြိုညှိနှိုင်း 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့်တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြိုညှိနှိုင်း အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်း‌ စိုပြည်သောကျောင်း အထက်တန်းနှင့်အလယ်တန်းအဆင့်(ပထမဆု)ရ ကော့သောင်းမြို့ အထက (၁) ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား ဂုဏ်ပြု

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှချီးမြှင့်သော ၂၀၂၆ ခုနှစ်၊ အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်း‌စိုပြည်သောကျောင်း အထက်တန်းနှင့် အလယ်တန်းအဆင့်(ပထမဆု)အား တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ရရှိခဲ့ပြီး ဇွန် ၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်အဆင့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပွဲတက်ရောက်ရာမှပြန်လည်‌ရောက်ရှိလာသော ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်အား ယနေ့နံနက်ပိုင်းတွင် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ဇွန်(၁၁)ရက် နံနက်ပိုင်းက မြိတ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

၂၀၂၆ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသော ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းကိုယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်သမဝါယမရုံး အစည်းအဝေးခန်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး