တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်စစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တနင်္သာရီ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်အတူ ဆန်းချီရပ်ရှိ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးသည်။