ထားဝယ်မြို့၌နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင်လိုအပ်လျက်ရှိသည့် Unique ID များအိမ်တိုင်ရာရောက် ဆောင်ရွက်
နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင်လိုအပ်လျက်ရှိသည့် UID (Unique Indentity)စနစ်ဖြင့် Smart Cardကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရပ်ကွက်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက် Home Service ဆောင်ရွက်ပေးခဲ့သည်။