ပုလောမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၂၄၅၀ ခန့် ပါဝင်ဆင်နွှဲ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၂၄၅၀ ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။