ခမောက်ကြီးမြို့၌ အသက်ငါးနှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေး ပညာပေး
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်အသက် (၅)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်၃ရက်နံနက်ပိုင်းက ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။