တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ကော့သောင်းမြို့ (‌၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့သွားရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်သည် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ (‌၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကော့သောင်းမြို့နယ် ကိုယ်စားပြု ကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

တနင်္သာရီမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အ.မ.က(တပ်ဦး)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွား‌‌ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့အတွင်းရှိ ပုလုံးတုံတုံး‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆယ်မိုင်အခြေခံပညာအထက်တန်းကျောင်းများသို့ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားခြင်း၊ ‌ဆရာ၊ဆရာမများအား တွေ့ဆုံစကားပြောကြားခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးနံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အ.လ.က ယုဇန အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်လျက်ရှိသည်။

ခမောက်ကြီးမြို့တွင်(၇၈)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို၊  အ.လ.က ယုဇနအခြေခံပညာအလယ်တန်းကျောင်းတွင် ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း (၁) နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့ ရွှေသာလျောင်းဘုရားတွင် ခိုင်ခံ့သော တန်ဆောင်းတော်ကြီး တည်ဆောက်ရေးလုပ်ငန်းနှင့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ  ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တိလောကမာရဇိန် ရွှေသာလျောင်းဘုရားတွင် ခိုင်ခံ့သော တန်ဆောင်းတော်ကြီး တည်ဆောက်ရေးလုပ်ငန်းနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်ရန်အသိပညာပေးဟောပြာခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းကို ယနေ့မွန်းလွဲ  ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပလောက်မြို့၊အထက ကျောင်းပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပလောက်မြို့ ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အ-ထ-က-အောက်လိပ်ကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ဘုတ်ပြင်းမြို့ ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး