တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌(၇၈) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့်( ၇၈) နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ သမုတ်ကျေးရွာအုပ်စုနှင့် သစ်ယာဝကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့် မော်စုန်း-သစ်ယာဝ ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ လမ်းပန်းဆက်သယ်မှုလုံခြုံချောမွေ့စေရန်အတွက် မူလကျောက်ချောလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသည်။

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်(၁၈) ရက်နံနက်ပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့တက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ ရွှေဝယ်သီရီအားကစားကွင်းဝင်းအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုး ပွဲတော်အား ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက မူလွန်ကြေးနန်းဝင်း‌ကျောင်း၊ မွန်းလွဲပိုင်းတွင် မူလွန်အေးရိပ်ငြိမ်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

 ကျောင်းနှင့်ဝန်းကျင်သာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် စုပေါင်းသစ် ပင်စိုက်ပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                                         

 အ.ထ.က ကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  အခြေခံပညာအထက်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် ကော့သောင်းမြို့၌ ကျန်းမာရေး‌ဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ ဆေးရုံအုပ်နှင့် ခရိုင်နှင့်မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ဆေးရုံကြီးရှိ သက်ဆိုင်ရာဌာနစိတ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ၊ အစည်း‌အဝေးခန်းမ၌ ဆောင်ရွက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ကော့သောင်းတပ်နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းတပ်နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်‌တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းတပ်နယ်ရှိ ဘုရင့်နောင်ခန်းမ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှု‌ရေးရာဝန်ကြီးဦးသက်နိုင်နှင့် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး