သရက်ချောင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာပညာပေး သင်တန်းဖွင့်လှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း၌ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ဖွင့်လှစ်သင်ကြားသည်။