တနင်္သာရီတိုင်းဒေသကြီး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကျွန်းစုမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုနှင့် မြိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု  ပထော်/ပထက်ကျေးရွာ၌ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

သရက်ချောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်၊၊

ရေဖြူမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရေဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုမင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရေဖြူမြို့ပေါ်ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးပြီး မဲရုံအဖြစ် ဆောင်ရွက်မည့် စာသင်ကျောင်းအနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များနှင့် လူနေအိမ်များအား မီးဘေးလုံခြုံရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

“အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် ဆိုင်ရာသင်တန်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ‌၂၀၂၅ခုနှစ်  ပါတီစုံအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲလုပ်ငန်း လမ်းညွှန်ဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျွန်းစုမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) မြိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ(၂၄)ရက် နံနက်ပိုင်းက မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

၂ဝ၂၅ခုနှစ် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုရ ကော့သောင်းမြို့နယ်ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်

၂ဝ၂၅ခုနှစ် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ တံခွန်စိုက်ဆုရရှိခဲ့သော ကော့သောင်းမြို့နယ် အမျိုးသမီးပြေးခုန်ပစ်အဖွဲ့နှင့် ဆုရရှိခဲ့ကြသောအမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ် အားကစားသမားများအား  ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့ အထက(၁)ကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၅) သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅ /၂၀၂၅ ) ကို ယနေ့ နံနက် ၁၀  နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ်၌ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်  ၁၄၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုန်းတောကမ်းကျေးရွာ တွင်းလမ်းပေါ်ရှိ ၂၀ ပေ (6.1m) သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား နိုဝင်ဘာ ၂၁ ရက်နေ့က တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး