သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် English Basic Grammar Lesson သင်တန်းဖွင့်လှစ်သင်ကြား
နွေရာသီကျောင်းပိတ်ရက်၌ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်နှင့် လူငယ်ကဏ္ဍများတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် English Basic Grammar Lesson သင်တန်းကို မတ်လ ၂၁ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။