တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့တွင် DYL အသားတိုးဝက်အား စီးပွားဖြစ်မွေးမြူလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊  မြို့ပေါ်ရပ်ကွက်နှင့်  ကျေးရွာများရှိ ဒေသခံပြည်သူများ DYL အသားတိုးဝက်အား တစ်နိုင်တစ်ပိုင်အဖြစ်လည်ကောင်း၊ စီးပွားဖြစ်လည်ကောင်း မွေးမြူလျက်ရှိသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်  ၈  နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း  ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုတို့လိုက်ပါလျက် မတ်လ(၁၈)ရက်နေ့က အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ထိန်းသိမ်းသင့်သော မြန်မာ့ဝါးတောအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ထိန်းသိမ်းသင့်သော မြန်မာ့ဝါးတောအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ (Community  Centre) ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အသိပညာဗဟုသုတတိုးပွားပြီး ကာယ /ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကာယ၊  ဉာဏစွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ဘူးသီးများလှိုင်လှိုင်ထွက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးထားသော ဘူးသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။

ခမောက်ကြီးမြို့ ပြည်သူ့စာကြည့်တိုက် Community Centre တွင် ကလေးလူငယ်များ အသိပညာပေး နံရံကပ်စာစောင်၊ပြပွဲများ ကြည့်ရှုခြင်းနှင့် ကလေးစာဖတ်ခန်း လှုပ်ရှားမှုများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် ကလေးလူငယ်များသည် ခမောက်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ အသိပညာပေး နံရံကပ်စာစောင်၊ ပြပွဲများ ကြည့်ရှုခြင်းစာအုပ်များ ငှားရမ်းခြင်းနှင့် ကလေးစာဖတ်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြသည်။

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘုတ်ပြင်းခရိုင်အတွင်း တည်ဆောက်ရေးများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၃၉.၈၈၀) သန်းဖြင့် အောင်မင်္ဂလာရပ်ကွက် ရွှေသာလျောင်း ဘုရားလမ်း အရှည်(၁၃၀၀)ပေ၊ အကျယ်(၂၂)ပေ၊ ထု(၇) လက်မ ထက်ပိုးကတ္တရာလမ်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄.၁၆၀) သန်းဖြင့် ရွှေဘုံသာရပ်ကွက် ရွှေမြိုင်လမ်း ကျောက်စီရေမြောင်း ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ‌E.D.C Engineer Group Co.,Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းအိမ်ရာ  Lot(8) (၄)ခန်းတွဲ (၄)ထပ် (၁၀၈၈၅ စ/ပေ) ဝန်ထမ်းအိမ်ရာတည်ဆောက်နေမူကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်သို့ ရောက်ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်သပြေခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျွန်းစုမြို့နယ်ကိုယ်စားပြု အားကစားသမားများအား သောင်းသောင်းဖျဖျ ကြိုဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျွန်းစုမြို့နယ်ကိုယ်စားပြု  အားကစားသမားများအား ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး