တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများ တရားနာပရိတ်သတ်များဖြင့်စည်ကား

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေး နေ့ထူး နေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့ညနေပိုင်း၌ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့်တရားနာပရိတ်သတ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင် မီးဘေးလုံခြုံရေး အသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မတ်(၁၂)ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

မြိတ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်နှင့် မြိတ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းကျင်းပသည့် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် မတ်လ(၁၂)ရက်နေ့ ညနေပိုင်းက ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ(၃/၂၀၂၅)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့(၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၃/၂၀၂၅)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့(၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေဖြူ၌ (၂၀) ကြိမ်မြောက် မဟာသင်္ကြန်ကာလ မဟာစည်ဝိပဿနာ (၁၀)ရက်တာ တရားစခန်းဖွင့်လှစ်မည်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ (၂၀)ကြိမ်မြောက် မဟာစည် သတိပဋ္ဌာန်ဝိပဿနာအလုပ်ပေး မဟာသင်္ကြန်ကာလ (၁၀) ရက်တာ တရားစခန်းကို ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်းတိုက်၌ ဧပြီလ(၇)ရက်နေ့ (၁၇)ရက်နေ့အထိ ဖွင့်လှစ်‌မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ‌အမျိုးသမီးငယ်များအား အလှခြင်းထိုးသင်တန်းဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးငယ်များအား အလှခြင်းထိုးသင်တန်း ဖွင့်လှစ် သင်ကြားခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး