တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ၊ ကျောင်းများ ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေနိုင်ရေး စာစစ်ဌာနများကို ယနေ့နံနက်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

​​​​​​​တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (အ-ထ-က) သရက်ချောင်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင် မြို့နယ်အတွင်းမှ ကျောင်းသား/ သူ ၆၄ ဦးတို့က ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနကျောင်းများတွင် စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများများ မြန်မာစာဘာသာကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာမိသားစု (၂၉၀) စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၂၉၀) စုအား မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ က အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ရွှေစင်ရွှေပြား ရွှေသင်္ကန်းကပ်လှူခြင်း အလှူတော်မင်္ဂလာရေစက်ချမင်္ဂလာကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်အား စေတနာရှင်အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ကြသည့် ရွှေစင် ရွှေပြားရွှေသင်္ကန်းကပ်လှူခြင်း အလှူတော်ရေစက်ချ မင်္ဂလာအခမ်းအနားကို တပေါင်းလပြည့်နေ့ ယမန်နေ့နံနက်(၉)နာရီက စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများ မြင့်မားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများ တရားနာပရိတ်သတ်များဖြင့်စည်ကား

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေး နေ့ထူး နေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့ညနေပိုင်း၌ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့်တရားနာပရိတ်သတ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး