ကရသူရိမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှု
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို နိုဝင်ဘာလ ၂၂ရက် နံနက် ၉နာရီမှစ၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကိုကပ်ထားကြေညာလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။