တနင်္သာရီတိုင်းဒေသကြီး

အ.ထ.က-တနင်္သာရီမှ ကျောင်းသား/သူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနက အ.ထ.က-တနင်္သာရီမှ ကျောင်းသား/သူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ရာ အ.ထ.က-တနင်္သာရီမှ ဆရာ/မများနှင့် အထက်တန်းအဆင့်ကျောင်း သူ/သားများ စုစုပေါင်း ၆၀ကျော် တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပလောက်မြို့တွင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်  Pfizer ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီကစ၍ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းဂုဏ်‌ဆောင် ပြေးခုန်ပစ်ကစားသမားများ‌အား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

၂၀၂၅ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသော အ.ထ.က(ခွဲ) အ.လ.က(၂)မှ ပြေးခုန်ပစ်အားကစားသမားများအား အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများက နွေး‌ထွေးစွာ ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ (ဝါးဇွမ်းအုပ်)ကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက အ.လ.က (ခွဲ)  ဝါးဇွမ်းအုပ် ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်

‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အတီးအမှုတ်အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌  အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံး ( ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းတဲ့ အနာဂတ် မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစားအဆင့်အတန်း မြင့်မားလာစေရေး အထောက်အကူဖြစ်စေရန်၊ အားကစားကဏ္ဍကို စိတ်ပါဝင်စားလာ‌စေရန်၊ မိမိကျောင်း၊ မြို့နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုး သား၊ အမျိုးသမီးဘောလုံး (ဂိုးလတ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင်  ကျင်းပ ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး