တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တို့တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကိုလူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ် ဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ကော့သောင်းမြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်လှစ် 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကိုကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းမှစတင်၍  ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။

ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ (မူလွန်)ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မူလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ အပတ်စဉ် (၃၂)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် စနေနေ့ အပတ်စဉ် စုပေါင်းသန့်ရှင်း‌ရေးများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နယ်မြေခံတပ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် မွေးကင်းစမှအသက်(၃)နှစ်အထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးလစဉ်တိုက်ကျွေး/ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစမှ၍ အသက်(၃)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထားဝယ်တက္ကသိုလ်၌ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး