တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကတန်ကျွန်းပတ်လမ်း‌ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ‌ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်သူများ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်‌ရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းပတ်လမ်းပေါ်ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် (၈) နာရီ အချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထားဝယ်မြို့၊ ထားဝယ်မြစ်ကမ်းနားလမ်းဘေးရှိ ပြည်သူ့အပန်းဖြေရင်ပြင်တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ (စတုတ္ထအကြိမ်) ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင် “ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်အား အသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြစ်ကမ်းနားလမ်းဘေးရှိ ပြည်သူ့အပန်းဖြေရင်ပြင်တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ကြသည်။

လောင်းလုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ အသက် ၅ နှစ်‌အောက် ကလေးသူငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်း မူလတန်း ကြိုကျောင်းမှ အသက် ၅ နှစ်အောက်ကလေးသူငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး