တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ ပြည်သူများအား တွေ့ဆုံ၍ ကျေးလက်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ အထကတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများအား ဇန်နဝါရီ(၂၄)ရက်က တွေ့ဆုံခဲ့ပြီး ကျေးလက်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။