တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

မြိတ်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပလျက်ရှိသော မြိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ကလိန်အောင်မြို့၌ (၆) ကြိမ်မြောက် COVID-19 ကာကွယ် ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနဆေးပေးခန်းရှိအစည်းအဝေးခန်းမ၌ ယနေ့နံနက်  ၉ နာရီက (၆) ကြိမ်မြောက် COVID-19 ရောဂါကာကွယ် ဆေးထိုးနှံပေးကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသော ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန် အတွက် အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရသူများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရသူများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ၊ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့၌ ကလေးငယ်များအား Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင် (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာ‌ပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊‌ စိုက်ပျိုး‌‌ရေးဦးစီးဌာန ကော့သောင်းခရိုင်၊ (၁၀)မိုင်စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာ‌ပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကော့သောင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦး သန့်ဇင်၊ မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ (၇)မိုင်ကျေးရွာ၊ ဆယ်မိုင်ကျေးရွာ၊ ဘန်းကချွန်နှင့် မလိဝမ်းကျေးရွာမှ ရပ်မိရပ်ဖအကျိုးဆောင်တောင်သူများ၊ ကော့သောင်းမြို့ အမှတ်(၂) စိုက်ပျိုး၊ မွေးမြူရေးတွဲဖက်အထက်တန်းကျောင်းမှ စိုက်ပျိုး/မွေးမြူရေးဘာသာရပ် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

ပလောက်မြို့၌ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး