နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Hall ခန်းမ၌ ကျင်းပသည်။