တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ (တတိယအကြိမ်မြောက်) ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်အားနည်းသည့် ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်ကလေးများဖြစ်စေရေး(တတိယအကြိမ်မြောက်) စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့၌ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးမည်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကမ်းကြီးကျေးရွာရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၁၀) ရေတပ်ဆိပ်ခံတံတားသို့ ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဖြင့် ရောက်ရှိခဲ့သည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့က သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများအတွက် ကျေးရွာချင်းဆက်ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူး၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းထက်ဦးနှင့်တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ဇန်နဝါရီ (၁၆)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပ

ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသည့် အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊  မြို့နယ်အဆင့် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးခဲ့ရာ အဆိုပါပြိုင်ပွဲများမှ အားကစားနည်းများ ဆုရရှိသည့် အားကစားသမားများအား ယမန်နေ့ညနေပိုင်း၌ သရက်ချောင်းမြို့၊ (အ.ထ.က)သရက်ချောင်းကျောင်းဝင်းကွင်းပြင်၌ ဆုချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူ‌ရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများဖွင့်လှစ်ပြီး မွေးမြူရေးလုပ်ငန်းနှင့် အအေးခန်းစက်ရုံစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူ‌ရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့က မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ရေထွက်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေးအတွက် မွေးမြူရေးလုပ်ငန်းများနှင့် အအေးခန်းစက်ရုံများကို ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (အင်္ဂလိပ်စာနှင့်သင်္ချာ)စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး