ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းဘင်ခရာအသင်း စတင်တည်ထောင်ရန် မတည်ငွေများလှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အ.ထ.က(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်း၊ ဘင်ခရာအသင်းစတင်တည်ထောင်ရန် မတည်ငွေများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က(ခွဲ)အ.လ.က (၂) ကျောင်း၊ မဟော်ဂနီခန်းမတွင် ပြုလုပ်ခဲ့သည်။