ပလောက်မြို့တွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့်လိုက်နာဆောင်ရွက်ရေး စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့၊ ဗဟိုလမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။