တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)နှင့်(တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ပြိုင်ပွဲဝင်များ အားထပ်ဆင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)နှင့်(တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ကော့သောင်းခရိုင်မှ ပြိုင်ပွဲဝင် များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့‌ညနေပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီမြို့-ချောင်းငယ်ဘုန်းကြီးကျောင်း၌ အရှင်ဂါမဏိ၏ ဓမ္မသဘင်အထူးတရားပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့-ချောင်းငယ်ရပ်ကွက်ဘုန်ကြီးကျောင်း သုခချမ်းသာဓမ္မာရုံအတွင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဆုထူးပန်ရွှေကျင် ကျောင်းတိုက်ကြီး၏ စာချဆရာတော်(သာသနဓဇဓမ္မစရိယ၊ ဝိနယဝိဒူ၊)ဘွဲ့တံဆိပ်တော်ရ အရှင်ဂါမဏိ၏ဓမ္မသဘင် အထူးတရားပွဲကို ယမန်နေ့ည ၆ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ ဓမ္မသဘင်ပွဲသို့ မ,တည် အလှူရှင်နှင့် ရပ်ကွက်အတွင်းမှ ဗုဒ္ဓဘာသာဝင်သူတော်စင်/သူတော်ကောင်းများ အထူးများပြားစွာ တရားတော်နာလာရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ မီးခိုး၊ မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု အကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များ စသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှကြီးမှူး၍ အ.ထ.က(သရက်ချောင်း) ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်၊၊

ကော့သောင်းမြို့နယ်အတွင်း ပြည်တော်အေးစေတီတော်မြတ်ကြီးတန်ဆောင်တိုင်ဘုရားပွဲ‌တော်တွင် ဘုရားဖူးလာပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှစတင်ကာ လပြည့်ကျော် ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ကော့သောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာန ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ကော့သောင်းမြို့မဈေး၊ လေဟာပြင်ဈေးနှင့် ဘုရင့်နောင်ဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့တွင် Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွကိနေမှုနှင့် ဆိပ်ကမ်းသာလမ်း၊ ကတ္တရာလမ်းခင်းခြင်း၊ ထပ်ပိုး ကတ္တရာခင်းခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် ထားဝယ်သူပြုနာသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်း၊ ကတ္တရာလမ်းခင်းခြင်း၊ ထပ်ပိုး ကတ္တရာခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

မြိတ်မြို့တွင် တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ဘုရားဖူးပြည်သူများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်း၌ (၆) ရက်တိုင်တိုင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ (၁၅) ရက် ညနေ (၅) နာရီတွင် ဘုရားငါးဆူကွင်းမှ စတင်ကာ ဒေသစာရီလည့်လည်ပူဇော်ပွဲ ကျင်းပရာလမ်းတလျှောက် ဘုရားဖူးပြည်သူများဖြင့် မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် စည်ကားခဲ့ကြကြောင်း သိရသည်။

ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၄ ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ထားဝယ်မြို့တွင်(၁၁၂)ကြိမ်မြောက်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီလှည့်လည်ပူဇော်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ (၁၁၂) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေတောင်စားလမ်း၊ လောကမာရ်ဇိန်ဘုရားကြီးဝင်း အရှေ့ဘက်မုခ်မှစ၍ ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး