မြိတ်မြို့တွင် (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ဘုရားငါးဆူကွင်းတွင် ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ အစဉ်အလာမပြတ် ကျင်းပလျက်ရှိသော (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော်သည် ပွဲတော်ရက်များအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။