တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့တွင် စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူ ဆောင်ရွက်နေသည့် ပြည်သူများ၏ နေအိမ်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။