တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြားချုပ်ဆိုမည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းအချက်အလက်များ ကောက်ယူပြီးစီး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို တနင်္သာရီမြို့နယ် နယ်နိမိတ်အတွင်း နေထိုင်သူများအား အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းမှစ၍ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များခွဲ၍ သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များအတွင်း အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူလျက်ရှိကြရာ ယမန်နေ့ညနေပိုင်းအချိန်တွင် အောင်မြင်စွာ စာရင်းကောက်ယူမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)သို့ တက်ရောက်

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ် U(23) ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ် U(23) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အား‌ပေးခဲ့ကြသည်။

ပုလောမြို့ အမှတ်(၁)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှု

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ပုလောမြို့ အမှတ်(၁) စစ်အုပ်ချုပ်ရေး နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်  အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက်ဂိတ် မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး သစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာများသို့  ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၇)ရက်မြောက် ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှု

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့(၇)ရက်မြောက်နေ့‌နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပုလောမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၂၅)ကြိမ်မြောက် ရွှေရတုသဘင် သက်ကြီးအာစရိယ မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၂၅) ကြိမ်မြောက် ရွှေရတုသဘင် သက်ကြီးအာစရိယ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားကို ဗုဒ္ဓံသရဏံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှု

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာလ(၁) ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့အတွင်း ရပ်ကွက်အလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး