တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား အလှူငွေထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့မှ အလှူငွေများလှူဒါန်းရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ကြီးအဘိုး၊ အဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ (၂၀၂၄)ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင် စာရင်း ရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များ၌ စာရင်းစစ်/စာရင်းကောက်များက ယမန်နေ့နံနက်ပိုင်းမှစ၍ သရက်ချောင်းမြို့၊ မြို့ပေါ်(၅)ရပ်ကွက်၌ စာရင်းကောက်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိသည်။

ပလောက်မြို၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ်(၃) ရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား စာရင်းစစ်/စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်

၂၀၂၄ ခုနှစ် “သက်ကြီးပုဂ္ဂိုလ်များဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး”ဟူသောဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်  

ယနေ့တွင်ကျရောက်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်းနေထိုင်သူများအား စာရင်းစစ်/စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ကော့သောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအားစာရင်း စတင်ကောက်ယူလျက်ရှိသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့်စာရင်းကောက်ကွက်များ၌ စာရင်းစစ်/စာရင်းကောက်များက ယမန်နေ့က စာရင်းကောက်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး