တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၈ ရက်နေ့က (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်‌ရေး‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (ထားဝယ်၊ လောင်းလုံး) မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (ထားဝယ်၊ လောင်းလုံး)မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)၌ဖွင့်လှစ် သင်ကြားလျက်ရှိရာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံသည်။

မြိတ်မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက်သင်တန်း စက်တင်ဘာ(၂၈)ရက်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်နေ့ ညနေက အခြေခံပညာအထက်တန်းကျောင်း (ဘုတ်ပြင်း) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝ တိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ် သင်တန်းသားများ မြေပြင်လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက် သင်တန်းဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားခဲ့ကြသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန့်နေညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ်သင်တန်းသားများ မြေပြင်လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားခဲ့ကြသည်။

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား  ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာ နိုင်ငံ၊ ကော့သောင်းမြို့သို့ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို ယမန်နေ့မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား(၁၁၃)ဦး၊ အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၁၂၈)ဦး ကော့သောင်းမြို့၊  ဘုရင့်နောင်ဆိပ်ကမ်းသို ပြန်လည်ရောက်ရှိခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး