တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း စာရင်းကောက်ယူကြမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ “စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲ”အခမ်းအနားကို တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ယမန်နေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ တော်သလင်းလပြည့်နေ့ ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ တော်လပြည့်နေ့ ဆွမ်းတော်ကြီးတင်ကပ်လှူပူဇော်ပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသူများအား တိလောကာရုံပရိယတ္တိ သာသနာ့နုဂ္ဂဟအသင်းမှ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်ခြင်း ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ ဂရုဓမ္မအခါတော်နေ့၊ တော်သလင်းလပြည့်နေ့၌ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့၌ တော်သလင်းလပြည့်နေ့ ဆီနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်း၌ ယမန်နေ့ ‌(တော်သလင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီက ဆီနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းများဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

ထားဝယ်မြို့တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဒေသတွင်းထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာမှ ကျော်ကျော်မုန့်တိုက် လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများ အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဆိုသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီများ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ‌ ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး