မြိတ်မြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဟိုတယ်ဝန်ထမ်းများ၏ ဝန်ဆောင်မှုဆိုင်ရာအရည်အသွေးများ မြှင့်တင်ဆောင်ရွက်နိုင်စေရန်အတွက် ဖွင့်လှစ်လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်းကို ယမန်နေ့နေ့လယ်ပိုင်းက Hotel Grand Jade ခန်းမ တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။