ကော့သောင်းမြို့တွင် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” Billboardများ စိုက်ထူ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကော့သောင်း)မှ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဗီနိုင်းပိုစတာ Billboard စိုက်ထူခြင်းများကို ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မြို့မတံတား၊ သီရိမြိုင်ရပ်ကွက်ရှိ (၃) မိုင်အဝေးပြေးကားဝင်းနှင့် ကော့သောင်းမြို့ လေဆိပ်တို့တွင် ပြုလုပ်ခဲ့သည်။