သရက်ချောင်းမြို့နယ်၌ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့နံနက်၉နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.ကသရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပသည်။