တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲ‌ အောင်မြင်စွာကျင်းပ‌ရေးအတွက် ပြိုင်ပွဲကျင်းပ‌ရေးဦးစီးကော်မတီနှင့် လုပ်ငန်း‌ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်း(ပညာရတနာခန်းမ)၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ထားဝယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့ မူလွန်-အုန်းတောကမ်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (၃) အေးရိပ်ငြိမ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအ‌ခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာ‌စောင်ပြပွဲနှင့် ပြိုင်ပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာန၏ ယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ဆင်းပွဲအခမ်းအနားပြုလုပ်

ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးကျင်းပသောယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ဖွံ ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ ထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး