တနင်္သာရီတိုင်းဒေသကြီး

မိုးစပါးစိုက်တောင်သူ(၃၀၀၀)ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ထုတ်ချေးပေးမည်

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော် မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးစိုက်ပျိုးကြမည့် မြို့နယ်များရှိ တောင်သူ(၃၀၀၀)ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့ နံနက်ပိုင်းမှစတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။

ထားဝယ်မြို့၌၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ ကာလအတွင်းဆောင်ရွက်မည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၌ကျင်းပသည်။

ကျွန်းစုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက်သင်တန်း အခမဲ့ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက်သင်တန်း ‌၄၅ ရက် သင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၂  ရက်နေ့ နံနက်(၁၀)နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းကာလတို အခြေခံစက်ချုပ် နည်းပညာသင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၏  အသက်မွေးဝမ်းကျောင်းကာလတို အခြေခံစက်ချုပ်နည်းပညာသင်တန်းကို  မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာ ရွှေဟင်္သာကျောင်းတိုက်တွင် ယနေ့ နံနက်(၉)နာရီခွဲက ဖွင့်လှစ်သည်။

သံတောင်ကြီးဒေသထွက် ရာသီပေါ်သီးနှံ ဖြစ်သည့် ကနစိုးသီးများ  ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည်အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကြောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း ရာသီဉတု ပူပြင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ရာသီပေါ်သီးနှံများ အထွက်နှုန်း ကျဆင်းခြင်းကာဒေသခံ ပြည်သူအများစုမှာ တောတောင်များရှိ သဘာဝအလျောက် ပေါက်ရောက်သည့် ရာသီပေါ်သီးနှံများ ဆွတ်ခူးရောင်းချလျက်ရှိပြီး ယခုအချိန် သံတောင်ကြီး ဒေသထွကရာသီပေါ်သီးနှံ ဖြစ်သည့် ကနစိုးသီးများ  ဈေးကောင်းရရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နို့စားနွားများနှင့် ဒေသနွားများအားကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်ရှိ နို့စားနွားများနှင့် ဒေသနွား ၈၀ ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ရက် ၁၀၀  ကာလ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စာတွေ့၊ လက်တွေ့ စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ယာဉ်မောင်းလိုင်စင်အသစ်လာရောက် လျှောက်ထားသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စာတွေ့၊ လက်တွေ့ စစ်ဆေးခြင်းများ မဆောင်ရွက်မီယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်းများဖွင့်လှစ်ပို့ချပေးပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိရာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများကို နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ ကာလ ပထမဆုံးလဖြစ်သည့် ဧပြီလအတွင်း ဆိုင်ကယ်မောင်းလိုင်စင် လျှောက်ထားသူများ (၄) ကြိမ်၊ သုံးဘီးဆိုင်ကယ်လိုင်စင်လျှောက်ထားသူများ (၂) ကြိမ်နှင့် မော်တော် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများ (၂)ကြိမ်၊ စုစုပေါင်း (၈) ကြိမ် ဖွင့်လှစ်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ကော့သောင်းခရိုင် ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များအား နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆို

၂၀၂၆ ခုနှစ်၊ ကော့သောင်းခရိုင်မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါသည့် နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လေ့လာရေးခရီးစဉ်သွားရောက်ရာမှ ယ‌နေ့ညဦးပိုင်း‌တွင် ကော့သောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထားဝယ်မြို့၌ (၁၃၉၂) ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဖွင့်

ဓမ္မစကူးလ်ကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြန်လည်အင်အားကောင်းနိုင်ရန်ရည်ရွယ်၍ ဓမ္မစကူးလ် ဖောင်ဒေးရှင်း(ဗဟို)၏ (၁၃၉၂)ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး