တနင်္သာရီတိုင်းဒေသကြီး

 ထားဝယ်မြို့၌ ရက်ပေါင်း(၁၀၀)အတွင်း လူထုဖြန့်ပျိုးပင် ၄၀၀၀၀ စိုက်ပျိုးမည်

နိုင်ငံတော်အစိုးရ၏ရက် ၁၀၀  ကာလအတွင်းတနင်္သာရီတိုင်းဒေသကြီးသစ်တောဦးစီးဌာန က ပြည်သူများအတွက် မိုးရာသီအကြို ပျိုးဥယျာဉ်တွင် ပြင်ဆင်ထားရှိမှုများနှင့် သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပြင်ဆင်ထားရှိမှုများအား မေ ၁၃ ရက် မွန်းလွဲတွင်  တိုင်းဒေသကြီသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦသိန်းလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုသည်။

ဘုတ်ပြင်းမြို့နယ်၌ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်နှင့် အခြားအိမ်မွေးတိရစ္ဆာန်များ ကာကွယ်/ကုသခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်များ ကာကွယ်/ကုသ ခြင်းလုပ်ငန်းများကို အခမဲ့ထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းကို မေလ ၁၃ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ကရိုင်တိုင်ကျေးရွာ၌ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေးမှာကြား

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော်၊ တိုင်းဒေသကြီးဥပဒေအရာရှိဦးညွန့်လွင်နှင့်  ဥပဒေအရာရှိများ တို့က မေ ၁၂ ရက်နေ့ညနေပိုင်းတွင် ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှဥပဒေအရာရှိများနှင့်ရုံးဝန် ထမ်းများကို ရက် (၁၀၀) စီမံကိန်းဆောင်ရွက်မည့် အစီအမံများအပေါ်ရှင်းလင်းဆွေးနွေးမှာကြားသည်။

မြိတ်မြို့နယ်တွင် မိုးစပါးဧက(၁၀၀၀)အား ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ရန်နှင့် စပါးအထွက်နှုန်းတိုးတက်‌စေရန်အတွက် ပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးဧက(၁၀၀၀)အား ကန် ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ရန်နှင့် စပါးစိုက်ပျိုးရာ၌ တစ်ဧကအထွက်နှုန်းတိုးတက်‌စေရေးအတွက် မေ(၁၂)ရက် မွန်းလွဲပိုင်းက ကျောက်ဖျာကျေးရွာရှိ OK ရတနာ အဆင့်မြင့်ဆန်စက်တွင် ဌာနဆိုင်ရာများမှ တောင်သူများအား ပညာပေးဆွေးနွေးကြသည်။

ကော့သောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက်(၁၀၀) စီမံချက်ဖြင့် မြို့စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု မြို့စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများသည် ဘုရင့်နောင်ကုန်းမြေ သာယာလှပရေးနှင့်လုံခြုံမှုရှိ‌စေရေးနှင့် ကော့သောင်းမြို့သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခဲ့ကြသည်။

ရေဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမောင်မောင်အေးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါကထိရောက်ဆုံး နှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက်၁၀နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ကော့သောင်းခရိုင် လူထု‌အခြေပြုဗဟိုဌာန၌ အသိပညာပေး လုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေး‌နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အိမ်တွင်းမှုသင်တန်းကျောင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မေ(၁၁)ရက် မွန်းလွဲပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် 33KV လိုင်းနှင့် 11KVလိုင်းများအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်းနှင့် လမ်းမီးများလဲလှယ်ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး နယ်မြေအတွင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်းနှင့် လမ်းမီးများလဲလှယ်ခြင်းများတို့ကို စနစ်တကျဆောင်ရွက်ပေးသည်။

ဘုတ်ပြင်းခရိုင်ဂုဏ်ဆောင်  လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ထူးချွန်ထက်မြက်သည့် ဘုတ်ပြင်းခရိုင်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။

ကလိန်အောင်မြို့တွင် ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့်မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး