တနင်္သာရီမြို့ (အ.ထ.က-တနင်္သာရီ) ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၂ နာရီအချိန်အထိ ကျင်းပရာ အ.ထ.က-တနင်္သာရီကျောင်းမှ အထက်တန်းအဆင့် Grade-10 Grade-11 နှင့် Grade-12 အတန်းများမှ ကျောင်းသူ ၁၁ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။