မြိတ်ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင်များအား သဲဖြူဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက သဲဖြူဆရာတော်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။