တနင်္သာရီတိုင်းဒေသကြီး

ရေဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ အား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမ များက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို မေ ၂ ရက်နှင့်  ၃ ရက်က ဆောင်ရွက်ကြောင်း သိရသည်။

ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး  နည်းပညာပေးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရ မည့် နည်းလမ်းများပညာပေးသင်တန်းကို မေ ၄ ရက်နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂ဝ၂၆ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီ တိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပသည်။

မြိတ်မြို့တွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)သင်တန်း ဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြုအတတ်ပညာများဖြင့် အသက် မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သည်။

ကော့သောင်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) ဖွင့်ပွဲအခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ သင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၃/၂၀၂၆) သင်တန်းဖွင့်ပွဲ တက်ရောက်

နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ် (၁၃/၂၀၂၆)သင်တန်းဖွင့်ပွဲကို မေ ၄ ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။

ပုလောမြို့နယ်၌ ရော်ဘာမိုးကာအုပ် အစေးလှီးပညာပေး သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ရော်ဘာအထွက်နှုန်း တိုးတက်မြင့်မားရေး ရော်ဘာ မိုးကာအုပ် အစေးလှီးပညာပေးသင်တန်းကို မေလ ၃ ရက်နေ့နံနက်ပိုင်းက ပုလောမြို့နယ် မကျည်းကုန်းကျေးရွာရှိ ခြံရှင် ဦးတင်ရှိန်ရော်ဘာခြံတွင် ဆောင်ရွက်ခဲ့သည်။

ထားဝယ်မြို့၌ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုပူဇော်ပွဲကျင်းပ

တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုပူဇော်ပွဲ (တိုင်းဒေသကြီးအဆင့်) ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဓမ္မဝိသာလပရိယတ္တိစာသင်ဆောင်၌ ကျင်းပသည်။

ပုလောမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် မကျည်းကုန်းကျေးရွာ တောင်သူဒေါ်မြထွေး လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းများ နေ့ချင်းပြီးဆောင်ရွက်

တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး